သတင်းများ

ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 16,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ဆားတိုင်ကျေးရွာအုပ်စု ရုံးဆိပ်မြောက်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး
Jan 16,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းဦးဆောင်၍ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူများအား ကို‌ဗစ်-၁၉ ကာကွယ်‌ဆေး ထပ်‌ဆောင်းထိုးနှံ‌ပေးခြင်းများ ဆောင်ရွက်ပေး
Jan 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၅၀)နှင့်အထက် နိုင်ငံဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့)ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများအား ကို‌ဗစ်-၁၉ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့‌ဆေးရုံအစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။
ဗန်းမော်မြို့ အ.ထ.က - ၅ တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 16,2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲခန့်က အ.ထ.က(၅)အောင်ဆန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဖြူးမြို့နယ်၌ (၇၇) နှစ်မြောက်​ ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအားဖိတ်ခေါ်၍ (၇၇) နှစ်မြောက်​ ပြည်ထောင်စုနေ့အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲမှ မိုးကြိုစိုက်ပျိုးစရိတ်​ချေးငွေများ စတင်ထုတ်ချေး
Jan 16,2024
ပြည်ထောင်စုနယ်​မြေ၊ လယ်ဝေးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင်ဘဏ်ခွဲတွင် ၂၀၂၄ ခုနှစ်၊ မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းမှ စတင်ထုတ်ချေးလျက်ရှိသည်။
လွိုင်လင်မြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲ ဆောင်ရွက်
Jan 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ခရိုင်ဂေါက်ကွင်းမှ ပြည်ထောင်စုလမ်းမအတိုင်း၊ ၄င်းမှတစ်ဆင့် သုခလမ်း၊ အနောက်ကျောင်းလမ်း၊ လွိုင်လင်-ပင်လုံသွားကားလမ်းမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရိုင်အားကစားကွင်းသို့ လမ်းလျှောက်စီတန်း လှည့်လည်ခဲ့ကြသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။