သတင်းများ

မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Nov 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်ဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းကွင်းက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Nov 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သော ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးညီလာခံအကြို အငြိမ်းစားကျန်းမာရေးဝန်ထမ်းများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကျင်းပ
Nov 29,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးညီလာခံအကြို အငြိမ်းစားကျန်းမာရေးဝန်ထမ်းများအား ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါရှာဖွေကုသပေး
Nov 29,2023
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းပြီး တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအရ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုသို့ လာရောက်ကွင်းဆင်း၍ တီဘီရောဂါ၊ အနာကြီးရောဂါနှင့် အထွေထွေရောဂါ လူနာများအား ရောဂါရှာဖွေကုသပေးခြင်းကို ယနေ့နံနက် ၉နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Nov 29,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး
Nov 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့သည်။
သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Nov 29,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်၊ လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာကလောင်စုံ၏ လူဆိုသည်မှာစာအုပ်အား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ ချပြရှင်းလင်းခြင်းဆောင်ရွက်
Nov 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ချပြရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။