ဒဂုံမြို့နယ်တွင် P-Fizer(Original Strein) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ဒဂုံ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့တွင် P-Fizer (Original Strain) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါကာကွယ်ဆေးထိုးလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို အသက်(၅၀)နှစ်အထက် နိူင်ငံဝန်ထမ်း(၅၅)ဦး၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ(၇၀)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူ (၁၅)ဦး စုစုပေါင်း(၁၄၀)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)