မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည် စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၁၃၇)အုပ်ကို သယ်ဆောင်ကာ၊ မြို့‌မရပ်ကွက်၊ မြန်မာ့စီးပွား‌ရေးဘဏ်၊ ကော်မရှင်ရုံး၊‌ ကျေးလက်ရုံးနှင့် မြို့နယ်တရားရုံးများသို့ သွားရောက်၍ စာပေချစ်သူ၊ စာဖတ်ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်း စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

အျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)