သတင်းများ

ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော “လူငယ်နှင့် Social Media အကြောင်းသိကောင်းစရာ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ ချင်းတွင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အ.မ.က မူလွန် (အနောက်ပိုင်း) တွင် ကျင်းပ
Aug 08,2025
‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန့်နေ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှု
Aug 08,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါ၍ ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ယခုနှစ်သီတင်းကျွတ်ကာလတွင် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီခွဲက လိုက်လံကြည့်ရှုခဲ့သည်။
ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးဆောင်ရွက်
Aug 08,2025
ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအ‌ဝေးခန်းမ၌ ယ‌နေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ကော့ကော့‌‌သောင်းမြို့တွင် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအ‌ဝေးခန်းမ၌ ယ‌မန်နေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ကော့သောင်းမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း (အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ
Aug 08,2025
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကဦးစီး၍ တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း(အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် (စတုတ္ထပတ်)စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ဩဂုတ်လ ၈ ရက်(ဝါခေါင်လပြည့်)နေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ကြသည်။
မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်
Aug 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူးမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ လမ်းပန်းဆက်သွယ်ရေးဝန်းကြီး ဦးအောင်သူဦးတို့နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
တရုတ်သံရုံးမှ ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ ရုံးသုံးပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်
Aug 08,2025
ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကိုယ်စားလှယ် Mr.Li Qian Gyi  နှင့် အဖွဲ့ဝင်များသည် ဩဂုတ် (၇)ရက် မွန်းလွဲ ၁ နာရီက ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် မြို့နယ်တာဝန်ရှိသူများ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျေင်းသူများနှင့်တွေ့ဆုံ၍ ရုံးသုံးပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည်။