သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် 
Aug 08,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်၊ တောင်သူ ဦးစောနိုင်၏ ၅.၆၂ ဧကအတွင်း စိုက်ပျိုးထားသည့် ဆင်းသုခစပါးခင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။
ခန္တီးမြို့၌ အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် တေရသမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် အောင်သီရိဖောင်ဒေးရှင်းက အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် တေရသမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က( ငွေဆောင်) ၌ မိုးရာသီကျောင်း ကောင်စီဖလား ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၏   ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား အ.ထ.က(ရွှေသောင်ယံ)၌ ကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့ညနေက မိုးရာသီကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ
Aug 08,2025
ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့မွန်းလွဲ  ၂  နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Aug 08,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး (ပထမ) ရက်သတ္တပတ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲနှင့်ဆုပေးပွဲ ကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမအပတ်) အဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။