သတင်းများ

ကော့ကရိတ်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး
Aug 07,2025
ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်တိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို  ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့မ‌ဈေးကြီးရှေ့တွင် ပြုလုပ်သည်။
ကရင်ပြည်နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ အရပ်ရပ်ဆိုင်ရာစည်းဝေး
Aug 07,2025
ကရင်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄နှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ဩဂုတ် ၆ ရက် နံနက်၁၁နာရီက ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြဝတီခရိုင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုင်ရာများ ဆွေးနွေး
Aug 07,2025
ကရင်ပြည်နယ်၊မြဝတီခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
မိုင်းယုမြို့၌ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Aug 07,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Aug 07,2025
၂ဝ၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း ပြည်ထောင်စုနယ်မြေအတွင်းရှိ သံဃာ၊ သီလရှင် ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် လှူဒါန်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ပင်လောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Aug 07,2025
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပျက်စီးသွားသည့် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီကျေးရွာ အခြေခံပညာမူလတန်းကျောင်း ယာယီစာသင်ကျောင်းဆောက်လုပ်နိုင်ရေးနှင့်  လွယ်မောင်း(အောက်ရွာ) ရွာလယ်လမ်းပြုပြင်နိုင်ရေးအတွက်ထောက်ပံ့ငွေနှင့် ဘိလပ်မြေများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။  
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
Aug 07,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ကော့သောင်းမြို့တွင် အငြိမ်းစားပင်စင်စားများအား  Unique Identity အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိ
Aug 07,2025
တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မလာရောက်နိုင်သည့် ပင်စင်လစာခံစားနေသည့်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား  Unique Identity များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။