သတင်းများ

အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးရမည့် နည်းစနစ်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ ဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ
Aug 08,2025
မုံရွာမြို့၌ အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးရမည့် နည်းစနစ်များနှင့်လိုက်နာဆောင်ရွက်သင့်သည့် အချက်များဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ အောင်သလ္လာခန်းမတွင်ကျင်းပရာ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိlရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် စိုက်ပညာရှင်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ပွင့်ဖြူမြို့၌ မြို့ပြဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 08,2025
မ‌ကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ခွင့်ပြု ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပွင့်ဖြူမြို့ ဒေလီယာလမ်း အရှည် ၅၄၀ ပေအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေး
Aug 08,2025
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်၈ရက် နံနက် ၉နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်းဇောင်းကျေးရွာအုပ်စု၊ ဂွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ ခုနစ်သိန်း စိုက်ထည့်
Aug 08,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၈ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ညောင်ကွဲရပ်ကွက် မြို့ပတ်လမ်းအနီးရှိ  ညောင်ကွဲ ဆိပ်ကမ်းတွင် ကျင်းပသည်။
ကမာရွတ်ခရိုင်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်း၌ ကျင်းပသည်။
စလင်းမြို့နယ်တွင်၂၀၂၅ ခုနှစ် ချည်မျှင်ရှည်ဝါဧကပေါင်း (၁၆၁၄၀) ကျော် စိုက်ပျိုးပြီးစီး
Aug 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ်၌ ၂၀၂၅ ခုနှစ်တွင် ယနေ့ မိုးဦးချည်မျှင်ရှည်ဝါနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါ ၁၆၁၄၀ ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းအင်းဌာနမှ သိရသည်။
ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်အသုံးပြုမဲပေးခြင်း သရုပ်ပြ
Aug 08,2025
ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်တွင် သင်းရတနာခန်းမ၌ ရမည်းသင်းခရိုင်/ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား‌ဆောင်ရွက်ပေးသည်။