ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဩဂုတ် ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ညောင်ရွှေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများလိုက်ပါ၍ ညောင်ရွှေမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ယခုနှစ်သီတင်းကျွတ်ကာလတွင် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီခွဲက လိုက်လံကြည့်ရှုခဲ့သည်။

ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် ညောင်ရွှေမြို့၊ ကမ်းနားလမ်းရှိ ဖောင်တော်ဆိုက်ပြာသာဒ်၊ ဖောင်တော်ပြန်ပြာသာဒ်နှင့် ဆုပေးပွဲမဏ္ဍပ်ဆောင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။

၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်လ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ညောင်ရွှေမြို့ပေါ်သို့ ဒေသစာရီကြွချီလှည့်လည်အပူဇော်ခံပြီး ရေနှင့် မြို့အတွင်း ဒေသစာရီကြွချီမည်လမ်းကြောင်းများကို လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရတနာစံကျောင်းတော်ကြီး ပြုပြင်ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)