ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အ.မ.က မူလွန် (အနောက်ပိုင်း) တွင် ကျင်းပ

‎‎​ကျောက်တန်း သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန့်နေ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်များနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် စာပေဖတ်ရှခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် လူငယ်များအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေးအထူးအလေးထားဂရုပြုရန်များ ဟောပြောခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူငယ်ရေးရာဆိုင်ရာနံရံကပ်ပြဘုတ်များ ပြသရာကျောင်းသား၊ ကျောင်းသူများ စာပေကို ပိုမိုမြတ်နိူးတတ်စေရန် စာအုပ်ပြပွဲပြသခြင်းများကိုလည်း ပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)