သတင်းများ

မအူပင်မြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား ယမန်နေ့နံနက် (၁၀) နာရီက GEC ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
သံတောင်ကြီး ဒေသထွက်လက်ဖက်စိုများဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
Aug 08,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်တွင် လက်ဖက်စိုများဝယ်လိုအား ကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
အိမ်မဲမြို့ Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Women Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Women Club အဖွဲ့ မှ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြော
Aug 08,2025
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေတာရှည်မြို့နယ်ရှိ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်
Aug 08,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာရှိ ရွှေပြည်သစ်နှင့် ဟိန်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသော မုန့်ဖတ်ခြောက်လုပ်ငန်းသို့ သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်က ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများပေးအပ်
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဩဂုတ် ၅ နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းတွင်ပါဝင်သော သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးဟောပြောပွဲများကွင်းဆင်းဆောင်ရွက်
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာအုပ်စု၊ ဆန်နိချောင်ကျေးရွာ ဇေယျသိင်္ဂီကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့နံနက်က မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် လူထုအသိပညာပေး ဟောပြောပွဲများကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ပန်းတနော်မြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Aug 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။