မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေးတိုက်ကျွေးခြင်းများဆောင်ရွက်

မိုင်းနောင် သြဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုသားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အမှတ် (၂၈၆) ကျောင်းနှင့် ခလရ (၉) တပ်တွင်း မူကြိုကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာသန်စွမ်း ဥာဏ်ရည်ထက်မြက်၍ အဖက်ဖက်မှ ဘက်စုံဖွံဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ (၆)လတစ်ကြိမ် ဗီတာမင် (အေ) မျက်စိအားတိုးဆေးနှင့် သန်ချဆေးများကို တိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းမေထားနှင့် နယ်မြေခံတပ်နယ်မှ တာဝန်ရှိ ဆရာဝန်များ၊ စစ်သူနာပြုများက မူလတန်းနှင့် တပ်တွင်းမူကြိုများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်(အေ)မျက်စိအားတိုးဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)