သတင်းများ

တောင်တွင်းကြီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Aug 07,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ‎ပင်းတယမြို့နယ်၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နေရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
Aug 07,2025
‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊ လမ်းတံတားများ ရေကြီးနစ်မြုပ်ခဲ့ရာ စိုက်ပျိုးမြေများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဆပ်စပ်သည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာ‌နေပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ နေရပ်စွန့်ခွာ ပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်ခြင်းအခမ်းအနားတက်ရောက်
Aug 07,2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ်ထောက်ပံ့ငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ကြသည်။
မိုးနဲမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆောင်ရွက်
Aug 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမနေရာ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူ(Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 07,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းတန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ(၄၅၀)ဦး တက်ရောက်ခဲ့ကြသည်။
ခိုလမ်မြို့၊ အ.လ.က(ခွဲ)ဟိုင်းလိုက်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ
Aug 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.လ.က(ခွဲ)ဟိုင်းလိုက်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
မကွေးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 07,2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်
Aug 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မင်းကုန်းရပ်ကွက်ရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ကျင်းပသည်။