တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း (အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး ဩဂုတ် ၈

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကဦးစီး၍ တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း(အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် (စတုတ္ထပတ်)စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ဩဂုတ်လ ၈ ရက်(ဝါခေါင်လပြည့်)နေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် ငွေတောင်‌ကျောင်းတိုက်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ယဉ်ပုံကျောင်းတိုက်နှင့် အကောက်ဝန်ကျောင်းတိုက်တို့မှ သံဃာတော် အပါး (၂၅၀)တို့အား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌‌ငွေများ ဆက်ကပ် လောင်းလှူကြ‌ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)