သတင်းများ

မှော်ဘီမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ ချေးငွေပေးအပ်ပွဲနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ချေးငွေပြန်လည်ထုတ်ချေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ဥသျှစ်ကုန်း (မြန်မာ) ကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းလှမြို့ အမှတ်(၇)ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Aug 09,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာ‌ရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၇.၇၅)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၇) ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ  ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ပဲစဥ်းငုံလျာထားဧက (၈၁၄၇) ဧကထက် ပိုမို၍ ၁၂၁၅၂ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
Aug 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပဲစဥ်းငုံသီးနှံအား နိုင်ငံခြားပို့ကုန်သီးနှံနှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးစေလျက်ရှိကြောင်းသိရသည်။ ယခုနှစ်၂၀၂၅ ခုနှစ်တွင် လျာထား(၈၁၄၇)ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အင်ကြင်းပင်လှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏ ပဲစဥ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပဲစဥ်းငုံ စိုက်တောင်သူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး သာသနာ့ဗိမာန်တော်ကြီးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
Aug 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းအဆင့် မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံ မြို့မိမြို့ဖများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ရောစပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Aug 09,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ရောစပ်အသုံးပြုနိုင်ရေးအတွက် ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီက တောင်စွန်ကျေးရွာ ကွင်းအမှတ် ၆၅၉(A)ရှိ တောင်သူဦးမောင်ဝင်း၏ မိုးစပါးစိုက်ကွက်၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်သက်ဆိုင်ရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပင်းတယမြို့ (Community Centre)ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 09,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်‎သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် "လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ" အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ အခြေခံစာကြည့်တိုက်သင်တန်း (၂-၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Aug 09,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပပြုလုပ်သည့် အခြေခံစာကြည့်တိုက် သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။