မှော်ဘီမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ ချေးငွေပေးအပ်ပွဲနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မှော်ဘီ ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ချေးငွေပြန်လည်ထုတ်ချေးခြင်းနှင့် သဘာဝဘေး အန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က ဥသျှစ်ကုန်း (မြန်မာ) ကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ သတ္တမအကြိမ်ချေးငွေ အောင်သူ(၁၃၄)ဦးအား ချေးငွေကျပ် (၃၅၀) သိန်းအား ပြန်လည်ထုတ်ချေး​ပေးပြီး ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သော ရောဂါများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များအား မေးမြန်း၍ မြို့နယ်ဦးစီးမှူးက မြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဇော်(ပြန်/ဆက်)