သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း ပယင်းအကြမ်းထည်နှင့် အချောထည်များ ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး
Aug 09,2025
ကချင်ပြည်နယ်အတွင်း၌ ထွက်ရှိသည့် အဖိုးတန်တွင်းထွက် လက်ဝတ်ရတနာတစ်မျိုးဖြစ်သည့် ပယင်းကို မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာဈေးအတွင်း ရောင်း ချလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပယင်းဈေးကွက် ခိုင်မာစေရေးအတွက် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်
Aug 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်သင်တန်းများမှ လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၂၅ ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့ရှိ မင်းဘူး ဦးဩဘာသမြို့နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 09,2025
ကွန်ပျူတာတက္ကသိုလ်(မုံရွာ) လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်း၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌  မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်းရှိ ကျောင်းသား/သူများအား ဩဂုတ် ၅ ရက်နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အို စောင့်ရှောက်မှုအစီအစဉ်ဖြင့် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Aug 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဉ်နှင့် မြို့နယ်ကျန်းမာရေးဦးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို နှစ်ပတ်တစ်ကြိမ် ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၆ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (အခမဲ့) ဆောင်ရွက်ပေးကြောင်း သိရသည်။
မော်လိုက်မြို့၌ မော်လိုက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
Aug 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကစားသမားများနှင့် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ
Aug 08,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသပွဲကို ယမန်‌နေ့နေ့လယ်(၁)နာရီက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။