သတင်းများ

တန့်ယန်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Aug 09,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ တိုင်း‌ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 09,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ယမန့်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး (မြို့ပြ) ဦးကျော်ဇေယျဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 09,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုလ်ဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး  စာအုပ်စာစောင်ပြပွဲ ကျင်းပ
Aug 09,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုလ်ဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာဖတ်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပေါင်းရှင်းမြေဩဇာကျွေးပွဲ ကျင်းပ
Aug 09,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပေါင်းရှင်းမြေဩဇာကျွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသ
Aug 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရအောင်မြင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် အာစရိယပူဇော်ပွဲကျင်းပ
Aug 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပညာဂုဏ်ဆောင် Education Centre Founder မှ ကြီးမှူးကြီးပသော စေတုတ္တရာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရအောင်မြင် ကျောင်းသား၊ ကျောင်းသူများ Grade-5၊ Grade-9 တွင် (A)အဆင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) သီဟရပ်ကွက်၊ ဓမ္မစကူးလ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများပေးအပ်ပွဲ ကျင်းပ
Aug 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မိုးစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။