တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်စံပြကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်
Aug 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ မိသားစုဝင်ငွေတိုးပွားရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အခြေခံအပ်ချုပ်စက်သင်တန်းကို ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်စံပြကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ၊ သင်တန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။