မင်းလှ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ အဖွဲ့ခွင့်ပြုရန်ပုံငွေ (၃၇.၇၅)သန်းဖြင့် ဆောင်ရွက်သည့် အမှတ်(၇) ပြည်တော်သာရပ်ကွက်အတွင်းရှိ လမ်းများ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြို့နယ်လမ်းဦးစီးဌာနမှူး ဦးခွန်တင်စိုး၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းကျင်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းတာဝန်ခံများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လမ်းခင်းကျင်းရာတွင် ပြည်တော်သာ(၆)လမ်းသွယ် အရှည်ပေ(၄၀၀)၊ တောင်ဘက်မြို့သစ် (၅)လမ်းသွယ် အရှည်ပေ(၉၀၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ(ပြည်တော်သာလမ်းအဝင်မှ တောင်ဘက်မြို့သစ် (၈) လမ်းထိ အရှည်ပေ (၂၂၆၃)ပေတို့အား အကျယ် ၁၅ ပေ၊ အမြင့် ၈ လက်မဖြင့် ကွန်ကရစ်လမ်းခင်းကျင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး SAE ဒေါ်ဥမ္မာစောမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)