ဇေယျာသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Aug 08,2025
ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကြို့ပင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား ဦးတင်ဦး၏ မိုးစပါးစိုက်ဧက ၁ ဒဿမ ၃၀ ဧကတွင် ထိုင်းနှံကောက်စပါးမျိုးအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ခေတ်အေးကျေးရွာအုပ်စု၊ မရင်းကြီးကျေးရွာ၊ မရင်းကြီးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်ခင်ဝင်း၏ မိုးစပါးစိုက်ဧက ၂ ဒဿမ ၅၀ ဧကနှင့် ဦးတင်ဝင်း၏ ၁ ဒဿမ ၂၅ ဧကတွင် ဆင်းသုခစပါးမျိုးများ စိုက်ပျိုးဆောင်ရွက်ထားရှိတို့အား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။