စလင်းမြို့နယ်တွင် ပဲစဥ်းငုံလျာထားဧက (၈၁၄၇) ဧကထက် ပိုမို၍ ၁၂၁၅၂ ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

စလင်း သြဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပဲစဥ်းငုံသီးနှံအား နိုင်ငံခြားပို့ကုန်သီးနှံနှင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးစေလျက်ရှိကြောင်းသိရသည်။ ယခုနှစ်၂၀၂၅ ခုနှစ်တွင် လျာထား(၈၁၄၇)ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အင်ကြင်းပင်လှကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ၏ ပဲစဥ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပဲစဥ်းငုံ စိုက်တောင်သူများထံမှ သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုအနေဖြင့် နေရာဒေသအလိုက် ဆန်စပါး၊ ပဲပြောင်းနှင့် ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မြေအမျိုးအစားများဖြစ်သည့် ကျောက်စရစ်မြေ မြေနီသဲဝန်းနုန်းမြေစေးတို့တွင် ကောင်းစွာ ဖြစ်ထွန်း၍ ယခုနှစ်တွင် ပိုမိုစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။   ပဲစဥ်းငုံမျိုးများ အနေဖြင့် ပင်ပြန့်နှင့်ပင်ထောင် (က)သက်ကြီးမျိုး (ခ)သက်လတ်မျိုးရေဆင်း ရေဆင်း(၄)နှင့် (ဂ)သက်ငယ်မျိုးရေဆင်း-သက်ငယ်မျိုး ရေဆင်း-၃ တို့ဖြစ်ပြီး အပင်ဖြစ်ထွန်းပေါက်ရောက်မှု အားဖြင့် (၈၀)ရာခိုင်နှုန်းပေါက်ကြောင်း သိရသည်။

ပဲစဥ်းငုံစိုက်တောင်သူများ မြေယာပြုပြင်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စက်မှုလယ်ယာစနစ်ဖြစ်သည့် လက်တွန်းထွန်စက်(သို့မဟုတ်) နွားများဖြင့် ထယ်နှစ်စပ် ၁၆ သွားထွန်နှင့် နှစ်စပ်ထွန်ပြီး ထယ်ရေးညက်အောင် ထွန်ဖြင့်ထည်စာခဲများအား ကြေ ညက်အောင် ထွန်ရပြီး ပဲစဥ်းငုံစိုက်ပျိုးရန် သက်ကြီးသ က်ရင့်ပဲစဥ်းငုံအတွက် မြေယာပြုပြင်ရာတွင် (၄ ပေခွဲ × ၁ ပေ) သက်လတ်ပဲစဥ်းငုံမျိုးအတွက် ပင်ကြား (၃ ပေ× ၁ ပေ) သက်ငယ်ပဲစဥ်းငုံမျိုးအတွက် (၂ ပေ× ၆ လက္မ ) ခြားကာ စိုက်ပျိုးအပင်များ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆွေးနှင့် ယူရီးယား တီစူပါပိုတက်ရှ်မြေသြဇာများကို ရောနှော၍စိုက်ပျိုးရကြောင်း ပဲစဥ်းငုံတစ်ဧကကို  သက်ကြီး ပျိုးပင်ရေ(၉၆၀၀)ပင်၊ သက်လတ်ပျိုးပင်ရေ (၁၄၀၀၀)ပင်၊ သက်ငယ်ပျိုးပင်ရေ (၄၃၀၀၀)ပင်ခန့် စိုက်ပျိုးရကြောင်း၊ ပဲစဥ်းငုံသက်ကြီးမျိုးနှင့် သက်လတ်မျိုးများကို မေလနှင့်ဇွန်လတို့တွင် စတင်ထွန်ယက်စိုက်ပျိုးရကြောင်း သက်ငယ်ပဲစဥ်းငုံမျိုးများကို သြဂုတ်လအတွင်းမှ အောက်တိုဘာလ အထိ စိုက်ပျိုးကြရမည်ဖြစ်သည်။

ပဲစဥ်းငုံမျိုးစေ့အလိုက် သတ်မှတ်သည့်စိုက်ကွက် အတန်းများအတိုင်း မြောင်များတွင် စိုက်ပျိုးရပြီး ပဲစဥ်းငုံတသ်ဧဿို ယူရီးယားဓာတ်မြေသြဇာ (၂၈) ပေါင် တိစူပါ (၁၈၀) ပေါင် ပိုတက်ရှ် (၁၀၀) ပေါင်အား မြေခံအဖြစ် ထည့်သွင်းပေးရကာ စိုက်ပျိုးပြီး နှစ်ပတ်သားမှ ပဲစဥ်းငုံ ပင် ပန်းများပွင့်လာချိန်အထိ ဆေးများဖြန်းပေးရကာ သက်ကြီးပဲစဥ်းငုံ စိုက်ပျိုးရာ၌ အပင်တန်းများကြားတွင် နှမ်း၊ မြေပဲ ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်း နှံစားပြောင်းတို့ကို သီးထပ်သီးညှပ်အဖြစ် ထည့်သွင်းသိုက်ပျိုးပြီး ပဲစဥ်းငုံမရိတ်သိမ်းမီ အခြားသီးနှံများကို စောလျင်စွာ ရိတ်သိမ်းရ၍ ပိုမိုအကျိုးအမြတ်ရရှိနိုင်ကြောင်း ပိုးမွှားရောဂါများကို ပန်းများမပွင့်မီ ကြိုတင်ကာကွယ်ဆေးဖြန်းရကြောင်းဖြင့် ပဲစဥ်းငုံပင်များ အောင်မြင်ဖြစ်ထွန်း၍ ယခုနှစ်တွင်လည်း စျေးကွက်ဝင် စျေးကောင်းရရှိရန် မျှော်လင့်မိကြောင်း ပဲစဥ်းငုံ စိုက်တောင်သူများထံမှ သိရသည်။

မောင်လွင်(စလင်း)