ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းတံတားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
Mar 05,2025
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းအား အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က အကျယ် ၂၄ ပေ၊ အရှည် ၁၀၀၀ ပေ၊ ထု ၁၁ လက်မကွန်ကရစ်ခင်းကျင်းနေမှုနှင့် ပဲခူးမြစ်အတွင်းစီးဝင်သည့် ဒဂုံတံတားရေထိန်းတံခါးရေစီးရေလာအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီးလမ်းပေါ်ရေတင်ရေဝပ်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေမြောင်းများ စနစ်တကျဖောက်လုပ်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ရေထိန်းတံခါးမှတစ်ဆင့် ပဲခူးမြစ်အတွင်းစီးဆင်းသည့် ရေများအညစ်အကြေးကင်းစင်စေရေးတာဝန်ရှိသူများ ဝိုင်းဝန်းဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။