ကံမမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီး
Aug 08,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ထန်းတောကျေးရွာ အုပ်စုနှင့် အလယ်ချောင်း ကျေးရွာအုပ်စုတို့မှ တောင်သူ(၁၉၄)ဦးတို့၏ မိုးစပါးစိုက်ဧက (၄၃၅) ဧကနှင့် နှမ်းစိုက်ဧက (၁၀) ဧကတို့အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၆၆၂.၅) သိန်းအား ထုတ်ပေးခဲ့ပြီး ကျေးရွာ အုပ်စု(၂၂)အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။