ပင်းတယမြို့ (Community Centre)ခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

‎‎ပင်းတယ ဩဂုတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် "လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ" အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပေးခသည်။ ဆက်လက်၍ ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လုပ်ငန်းလုပ်ကိုင်ထူထောင်မည့် သင်တန်းသား/သင်တန်းသူ (၃) ဦးအတွက် သင်တန်းထွက်ကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်သည်။ ထို့နောက် ဒေသအသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတင်တန်းအား ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၎င်းသင်တန်းတွင် ယာယီနေရပ်စွန့်ခွာသူ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၂) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)