ကျိုင်းလပ် ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မိုးစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု၊ ဝမ်လန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးက မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် စိုက်ပျိုးတောင်သူများအား မိုးစပါးမျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က မြေဩဇာများထောက်ပံ့ပေးမှုအခြေအနေများနှင့် သုံးစွဲရန်နည်းလမ်းကို ရှင်းလင်းပြောကြားပြီး တောင်သူတို့ကို ပုလဲမြေဩဇာ (၅၀)Kg (၃)အိတ်၊ (၁၅)ပတ်လည်ကွန်ပေါင်းမြေဩဇာ (၅၀)Kg (၃)အိတ်နှင့် သဘာဝမြေဩဇာ (၂၅)Kg (၁၂)အိတ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်