ဆင်ပေါင်ဝဲမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပေါင်းရှင်းမြေဩဇာကျွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပေါင်းရှင်းမြေဩဇာကျွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ပေါင်းရှင်းမြေဩဇာကျွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ​မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးရဲအောင်နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်၍ အခြေခံပညာအထက်တန်းကျောင်းအတွင်း စိုက်ပျိုးထားရှိသည့် ယူကလစ်၊ ကျွန်း၊ တမာ၊ ကုက္ကို၊ မယ်ဇလီ၊ ယင်းမာ စသည့် ပျိုးပင် (၃၀၀)ကို ဆက်လက်ရှင်သန်ကြီးထွားလာစေရန်အတွက် သေဆုံးပြီး အပင်ဖာထေးစိုက်ပျိုးခြင်း၊ ပေါင်းရှင်းမြေဩဇာကျွေးခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)