ပင်လုံ သြဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုလ်ဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာဖတ်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် ကျောင်းသား/ကျောင်းသူများ မိမိကြိုက်နှစ်သက်သည့် စာအုပ်များ ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ/ရသစာပေများ၊ ပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဝတ္ထုစာအုပ်များအား ခင်းကျင်းပြသထားကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူလေးများ ငယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာခြင်းကို ဝါသနာပါလာစေရန်၊ စာပေဗဟုသုတကြွယ်ဝလာစေရေးအတွက် စာမျိုးစုံလင်စွာ များများဖတ်ရှုလေ့လာစေရန်၊ ဦးနှောက်ဖွံဖြိုးတိုးတက်စေရန်၊ လိမ္မာယဥ်ကျေးစေရန်၊ အသိပညာအတတ်ပညာတိုးပွား၍ အတွေးအခေါ်ရင့်ကျက်နိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင်တင်ရေး စာအုပ်စာစောင်ပြပွဲသို့ ကျောင်းသား/ ကျောင်းသူ(၂၅)ခန့် တက်ရောက်ခဲ့ကြပြီး မိမိကြိုက်နှစ်သက်သည့် စာအုပ်များကိုငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)