တန့်ယန်း ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထကိတန်းကျောင်း Grade-11 မှ မောင်ဝင်းသူ၊ မောင်အောင်သိန်းဌေး၊ မောင်သက်နိုင်ဦး၊ မစုသန္တာကျော်၊ မအေးသန္တာမိုးတို့က “ကလေးလူငယ်အလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ကို ဝိုင်းဝန်းဆွေးနွေးပြောကြားကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)