သတင်းများ

သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Feb 28,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 28,2024
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ရောက်ရှိပါသောကြောင့် အစိုးရရုံးဌာနအဆောက်အဦများအား မီးဘေးအန္တရာယ်မှကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ကပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 28,2024
ရန်ကုန်တိုက်းဒေသကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရသည် သံဃာတော်များ ဆေးဝါကုသမှုခံယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂) ထပ်ဆောင်သစ် ဖွင့်လှစ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ အင်စိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ကျင်းပရာ အင်းစိန်ရွာ မပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်းချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတက်ရောက်
Feb 28,2024
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။
သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသအတွင်းစားသုံးဆီဖူလုံရေး ဆီထွက်နေကြာသီးသန့် သီးညှပ်(၅၅၀၀)ဧကတိုးချဲ့စိုက်ပျိုးရန်လျာထား
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆင်းရွှေကြာ-၂ ဆီထွက်နေကြာသီးညှပ်(၁၂၂၀)ဧက၊ နေကြာသီးသန့် (၂၀)ဧကနှင့် ကိုင်းကျွန်းသီးနှံများဖြင့် ဆင်းရွှေကြာ-၂ နေကြာသီးညှပ်(၄၂၈၀)ဧက၊ ကိုင်းကျွန်းနေကြာသီးသန့်(၃၀)ဧက၊ စုစုပေါင်း(၅၅၀၀)ဧက တိုးချဲ့လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နေ့သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၆၉၉)ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်ခြံတွင် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်
Feb 28,2024
၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။