သတင်းများ

ဆွမ်ပရာဘွမ်မြို့နယ်၌ တပို့တွဲလ  မြန်မာ့ရိုးရာ ထမနဲထိုးပွဲ ကျင်းပ
Feb 28,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော် များအနက်  တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၃ရက် ညနေ ၂နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဝင်းအတွင်း၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ် (၁၁) လူကုန်တားရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ် (၁၁) လူကုန်တားရဲတပ်ဖွဲ့စု (မန္တလေး) တို့ ပူးပေါင်းဆောင်ရွက်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်း၊ ၆၄/ ၆၅ လမ်းကြားရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (လွှတ်တော်ရုံးဟောင်း)တွင် ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်ပူးပေါင်း၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာရေးဆရာအောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၊ မျက်ရဲကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး
Feb 28,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမစက်ဝန်းထုတ်ချေးခြင်းကို ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက မျက်ရဲကန်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-5) အတန်း နှစ်ဆုံးခရိုင်စစ်စာမေးပွဲ ဖြေဆိုပြီးစီး
Feb 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်စာမေးပွဲကြီး ယနေ့တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်းစိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Feb 28,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
​ရွှေဘိုမြို့နယ်ရှိစာစစ်ဌာနများ၌ Grade-9 နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ် အေးချမ်းစွာဖြေဆို
Feb 28,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲ   သိပ္ပံဘာသာရပ်ကိုယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5) အတန်းနှစ်ဆုံး အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး
Feb 28,2024
တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် အ‌ခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5)နှင့် (Grade-9) အစိုးရစစ်စာမေးပွဲကြီးများ ဖြေဆိုလျက်ရှိရာ ယနေ့တွင် (Grade-5) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။