သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Feb 28,2024
စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ဖြစ်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဗန်းမော်မြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား ရာသီသီးနှံများထောက်ပံ့
Feb 28,2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့အတွင်းရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက်ပျိုးတောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ ယာယီနေ့ရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီခန့်က ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကန်ရေကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိ​ပြည်သူများအား မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်းဟောပြောခြင်း ဆောင်ရွက်
Feb 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟော‌ပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်းနှင့် ဦးကြည်နိုင်၊ ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ  တက်ရောက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ငရုပ်၊ ကြက်သွန်နှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၈၃၅  ဧကစိုက်ပျိုးပြီးစီး
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်အတွင်းစားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်နှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၈၃၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် သံဃာတော်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်
Feb 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။