သတင်းများ

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာ၌ ကြိုးတံတားတည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု
Jan 07,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေသည့် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
လားရှိုးဒေသထွက် ပျားလိမ္မော်သီးများ သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်
Jan 07,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း ထွက်ရှိသည့် ပျားလိမ္မော်သီးများ သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
မုဒုံမြို့နယ် အ.မ.က (ညောင်ကုန်း) ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 07,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (ညောင်ကုန်း) စာသင်ကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 ၊ Grade-9 ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 07,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 ၊ Grade-9 ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး)ဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး
Jan 07,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (မန္တလေး)သို့ သွားရောက်ပြီး ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများအား အလင်းဖွင့်ခြင်းဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်သရိုက်မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူ များနှင့် စက်ယန္တရားတို့ဖြင့် တက်ညီလက်ညီစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုူ အားပေးကာ လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် Bagan Plastic Campaign အဖွဲ့သားများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေရာများသို့ သွားရောက်ကြည့်ရှုအားပေး
Jan 07,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Bagan Plastic Campaign အဖွဲ့သားများ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ သန့်ရှင်းရေးပြုလုပ်နေရာများသို့ ယမန်နေ့နံနက် ၇ နာရီခွဲက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။