သတင်းများ

ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်
Feb 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာကျောင်းတိုက်  ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်း​ဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သောနေအိမ် (၁၂၀)လုံးအတွက် အမိုးအကာများအား ဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လည်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက် အမှန်များကို ကောင်းစွာသိရှိ နားလည်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူး‌ပေါင်းအဖွဲ့တို့က လူအများသွားလာစည်ကားရာ လမ်းဆုံလမ်းမနေရာများမှနေ၍  ဖြန့်ဝေ‌ပေးခဲ့ကြသည်။
လမ်းမတော်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က လမ်းမတော်မြို့နယ် လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဖြန့်ဝေ‌ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ
Feb 28,2024
သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် နိုင်ငံတော်မှ ထောက်ပံ့လျှက်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းတုံမြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များသိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ တက္ကသိုဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသားကျောင်းသူ ၄၅၉ ဦးစာရင်းပေးသွင်းထား
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၅၉ ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေဘိုမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယ​နေ့နံနက် ၉ နာရီချိန်က မြို့​တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။