သတင်းများ

ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာရပ်ကွက်များသို့ လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ဆောင်ရွက်
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ ရွှေတောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ညနေပိုင်းက မီးဘေးလုံခြုံရေးများအတွက် ကြာနီကန်၊ ယွန်းတန်းသရက်တော မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်‌ ညောင်ပင်သာကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက်  (၉) နာရီခွဲကကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။ 
မက်မန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေ
Feb 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၇) အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇) ရှိ အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
သဲကုန်းမြို့နယ်၌ နွေစပါး(Drum Seeder) တိုက်ရိုက်မျိုး​စေ့ချကိရိယာဖြင့် ​နွေစပါးစိုက်ပျိုးခြင်းဆောင်ရွက်
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄)စက်မှုလယ်ယာစခန်းတို့ပူးပေါင်း၍ (Drum Seeder)တိုက်ရိုက်မျိုး​စေ့ချကိရိယာဖြင့် ​နွေစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းအမှတ်(၉၁၃ က)၊ ဦးပိုင်အမှတ် ၂၇၃၊ တောင်သူဦးတင်ကို၏ လယ်မြေ(၅)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကံမမြို့နယ် ကိုင်းခုံကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်  (၁) နာရီက ကံမမြို့နယ်၊ ကိုင်းခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများစာမေးပွဲဖြေဆို
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား ကျောင်းသား/သူလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုက်မရော၌ အာဟာရပြည့် ပိန်းဥပင်များ စီးပွားဖြစ်စိုက်ပျိုးလာကြပြီးစျေးကောင်းရရန် မျှော်လင့်
Feb 28,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာကွင်း၌ လယ်မြေလွတ်များတွင် သီးနှံမျိုးစုံအားတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် အာဟာရပြည့်ပိန်းဥများကို မြေအောက်ရေသွင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။