တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားပေးလျက်ရှိနေ
Mar 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို အုန်းပင်စုရပ်ကွက်၊ မြို့မဘောလုံကွင်း၊ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို အားကစားခန်းမနှင့် (ခ) အဆင့် အားကစားရုံတို့တွင် မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဆက်လက်သင်ကြားပေးလျက်ရှိရာ အားကစားဝါသနာပါသူ သင်တန်းသား၊ သင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။