ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပင်စင်များ ပေးအပ်

ပုဗ္ဗသီရိ မတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပင်စင်များကို အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပင်စင်များကို ဖြုတ်ခွဲကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွား (၃၂) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် ၃ လစာ၊ စုစုပေါင်း (၉၆၀၀၀၀) ကျပ်ကို  ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့်ရာအိမ်မှူးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)