စလင်း မတ် ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နေ့စဥ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ရေဆိုးထုတ်၊ ရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်စေရန်နှင့်၊ မြို့ပေါ်ရပ်ကွက်များအတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်လှပစေရန် ဆောင်ရွက်ရာ၊ မြင်တင်ရပ်ကွက်၊ ရွှေစေတီလမ်းရှိ ရေဆိုးထုတ် ရေနှုတ်မြောင်းအတွင်းမှ အမှိုက်များ ရှင်းလင်း၊ ဆောင်ရွက်ခြင်းကို မတ်လ(၁၈)ရက်၊ နေ့လယ် ၂ နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှု၊ စည်ပင်သာယာရေး ဝန်ထမ်းများမှ နေ့စဥ်၊ မြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ၏ နေအိမ်အသီးသီးတို့မှ နေ့စဥ်မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များနှင့် ဥယာဥ်ခြံများမှ၊ ထွက်ရှိသည့် အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဥ်များဖြင့် ရပ်ကွက်များနှင့် လမ်းများအတွင်း နေ့စဥ်အမှိုက်များ၊ ရှင်းလင်းဆောင်ရွက်လျက်ရှိရာ မြင်တင်ရပ်ကွက် ရွှေစေတီလမ်းရေဆိုးထုတ် ရေနှုတ်မြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရန် မြောင်းအတွင်းမှအမှိုက်များနှင့် သဲ၊ နှုန်းများ ဆယ်ယူ၍ စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် စနစ်တကျ သိမ်းဆီးဆောင်ရွက်ခြင်း လမ်းဘေးဝဲယာ စွန့်ပစ်အမှိုက်များကောက်ယူ၊ သိမ်းဆီးခြင်းများပြုလုပ်၍ မြို့သန့်ရှင်းသပ်ရပ်၊ မြို့အင်္ဂါရပ်နှင့်အညီ ဝန်ထမ်းငယ်များမှ ဆောင်ရွက်ကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
မောင်လွင်(စလင်း)