သတင်းများ

ကသာမြို့၌ မီးလောင်မှုဖြစ်ပွား
Mar 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ မြောက်ပိုင်းရပ်ကွက် အောင်သပြေလမ်းတွင် ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က နံကပ်တစ်ထပ်ဂိုထောင်၌ ပေါ့ဆမီးကြောင့် မီးစတင်လောင်ကျွမ်းကာ လူနေအိမ် (၆) လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 17,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ပူတာအိုလေဆိပ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲကျင်းပ
Mar 17,2024
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ကျင်းပသော ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့
Mar 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ပထမထပ်တိုးလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်၌ ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးမှုနှင့်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို မင်းကွက် (၂) ရပ်ကွက်၊ ၁၅လမ်း ပေါ်တော်မူဓမ္မာရုံကျောင်း၌ ကျင်းပပြုလုပ်သည်။
မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်
Mar 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ စီမံချက်အရာရှိ ဦးကျော်ဇင်လတ် ဦးဆောင်သောအဖွဲ့မှ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်မှုအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ   
Mar 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက မြန်မာသက္ကရာဇ် ၁၃၈၅ခု (၂၀၂၄ခုနှစ်) ပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Mar 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။