ကျောက်ဆည်မြို့နယ်တွင် လယ်ယာမြေ(၁၈၀)ဧက တိုက်ရိုက်အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်ရန် လျာထား
Mar 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် အခြားကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေစေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရန်ဘက်လိုကျေးရွာအုပ်စုတွင် Box Culvert (၂)စင်းပါသည့် ကုန်ထုတ်လမ်း(၁)လမ်းဖောက်လုပ်ရန် လျာထားလျက်ရှိကြောင်း သိရသည်။