သတင်းများ

အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အခမဲ့ ဖြန့်ဝေနိုင်ရန် ရန်ကုန်တိုင်းကြက်ခြေနီ Oxygen Plant စက်ရုံဖွင့်ပွဲကျင်းပ
Mar 17,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်အသုံးပြုရန် လိုအပ်သည့်လူနာများ အလွယ်တကူရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှတဆင့် အခမဲ့ဖြန့်ဝေမည့် အောက်ဆီဂျင်စက်ရုံ (Oxygen Plant) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံရှေ့တွင် ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပ
Mar 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် မိုးချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုပ်မည့် အသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 17,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ တောင်သူနည်းပညာပေးသင်တန်းကျင်းပ
Mar 17,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ နာဂရိုးရာယဥ်ကျေးမှုပြတိုက်၌ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေး ဝမ်းစာဖူလုံရေးအတွက် Working Group ၏ စိုက်ပျိုးပညာပေးသင်တန်းကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ပြတိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ သင်္ကြန်အကြိုဈေးရောင်းပွဲတော် ရှင်းလင်းပွဲပြုလုပ်
Mar 17,2024
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (UMBEEA) ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အကြို ဈေးရောင်းပွဲတော်နှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက UMFCCI ၌ ကျင်းပခဲ့သည်။
​​​​​​​ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Mar 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၅၀)ကျော်အား အခမဲ့ကုသပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးနည်းပညာတက္ကသိုလ် (MTU) တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး
Mar 17,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် (MTU) တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား  မိုင်းနား KBC စခန်း၌  သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
Mar 17,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၁၆ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။