သာကေတမြို့နယ် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

သာကေတ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club)အဖွဲ့မှ ယ​မန်နေ့မွန်းလွဲ()နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက်ခန်းမတွင်ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်နိုးမြတ်သူ များအသင်း (Book Club)အသင်းတို့ ပူးပေါင်း၍ သုတ၊ ရသ စာအုပ်စာပေများ လစဥ်မပြတ် ဆွေးနွေးခဲ့ရာ ယမန်နေ့ ဆွေးနွေးသည့်စာဖတ်ဝိုင်း၌ သိုက်စိုးထွန်း(နတ်ရွာ)​ရေးသားထားသည့် လူငယ်​တွေကိုယုံကြည်ပါ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ​ဒေါ်မို့မို့သူ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက် တို့မှ မုဒိတာစကားများနှင့် အတူ လူငယ်​တွေကို ယုံကြည်ပါစာအုပ်၏ အနှစ်သာရကို ဆွေးနွေးခဲ့သည်။

 ထို့နောက်  မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်၊ မြို့နယ် BooK Club ဒုဥက္ကဋ္ဌ  စာရေးဆရာမ နန်းဟင်းပြင်း၊ စာရေးဆရာမ မိုး​အေး(ကိုယ်တိုင်ရေး)၊ ဆရာဦး​နေမင်းချိုတို့က လူငယ်နှင့်နိုင်ငံ​ရေး၊ လူငယ်​တွေစာဖတ်မှဖြစ်မယ်၊ လူငယ်နှင့်လူမှုကွန်ရက်​ခေါင်းစဥ်ပါ အ​ကြောင်းအရာများကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင် း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက လူငယ်​တွေကို ယုံကြည်ပါ စာအုပ်ပါအ​ကြောင်းအရာများအား ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး ရေးသူ၊ ဖတ်သူ စာဖတ်ဂိုင်းအား ရုတ်သိမ်းခဲ့ကြောင်း ရှိရသည်။

မို့မို့သူ(ပြန်/ဆက်)