မိုင်းတုံမြို့၌ သင်္ကြန်ပွဲအောင်မြင်စွာကျင်းပနိုင်‌ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌အဝေး ပြုလုပ်

မိုင်းတုံ မတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့  ညနေပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် /‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ရပ်မိရပ်ဖများစုပေါင်း၍ သင်္ကြန်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌အဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က သင်္ကြန်ပွဲအောင်မြင်စွာကျင်းပနိုင်‌ရေး ဒုတိယအကြိမ်‌ ခေါ်ယူညှိနှိုင်းရခြင်းဖြစ်‌ကြောင်း၊ ဒီပွဲသည် ဌာနဆိုင်ရာတစ်ခုတည်း တစ်သီးတခြားတည်းလုပ်သည့် ပွဲမဟုတ်၊ ပြည်သူနှင့် ဌာနဆိုင်ရာပူးပေါင်းပြီး မိမိဒေသ စည်စည်ကားကားဖြင့် လွတ်လပ်စွာပျော်ပါးနိုင်အောင် စီစဉ်ဆောင်ရွက်သည့် ပွဲဖြစ်သည့်အတွက် အားလုံးပါဝင်စေချင်ကြောင်း၊ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီက ယခင်နှစ်အတိုင်း ဖွဲ့ပေးထားပြီးဖြစ်သည့်အတွက် ကော်မတီအလိုက်ဆောင်ရွက်ချက်များကို တင်ပြပေးရမှာဖြစ်ကြောင်း၊ အဓိကသည် ပရိတ်သတ်တည်ငြိမ်အောင် ပြန်ကြားရေးနှင့် ဖျော်ဖြေရေးဆက်ကော်မတီက  ဖျော်ဖြေရေးတွင် ပါဝင်မည့် အကအဖွဲ့များကို မည်သို့စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျန်‌ကော်မတီများကလည်း ကော်မတီအလိုက်ဆောင်ရွက်ထားရှိမှုနှင့် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတွင် အခက်အခဲရှိပါက တင်ပြနိုင်ကြောင်း၊ အဓိကသည် သင်္ကြန်ပွဲကို စည်စည်ကားကားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်အောင် ဆက်ကော်မတီတစ်ဖွဲ့ချင်း၏ လုပ်ဆောင်မှုက အဓိကဖြစ်ကြောင်း၊ အားလုံးပူးပေါင်းပြီး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နှင့် အခက်အခဲမရှိဘဲ အောင်မြင်စွာ  ပြီးမြောက်စေလိုကြောင်း၊ လိုအပ်သည့်အခက်အခဲများကို တင်ပြမှသာ လိုအပ်တာဖြည့်စည်းပေးနိုင်မှာဖြစ်သည့်အတွက် တင်ပြကြရန်ပြောကြားပြီးနောက် တက်ရောက်လာသည့် ယခင်ဖွဲ့စည်းထားသည့်ကော်မတီအလိုက်  ဆွေးနွေးတင်ပြကြရာ တင်ပြမှုအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)