တောင်တွင်းကြီးမြို့နယ်တွင် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တောင်တွင်းကြီး မတ် ၁၉

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က အပူဒဏ်ကြောင့် ဖြစ်ပေါ်တက်သည့် လက္ခဏာများ၊ အရေးပေါ်ရှေးဦးပြုစုနည်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကလေးငယ်များက ခင်းကျင်းပြသထားသည့် အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်၊ ရာသီဥတုပြောင်းလဲခြင်းသရုပ်ပြကာတွန်းများ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်၀င်တစား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)