ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဟင်္သာတ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဧက ၁၀၀ မိုးစပါး-မတ်ပဲ-နွေစပါး စိုက်ပျိုးခြင်းအား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားပါသည်။ နေ့လယ်ပိုင်းတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ယုန်သလင်းအုပ်စု၊ ရွှေမန်းလွင်ကျေးရွာ၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါလမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမှ ကျပ်သိန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၃၀)၊ စုစုပေါင်း ကျပ်သိန်း (၁၈၀) တို့ဖြင့် အရှည် (၆၀၀)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့် (၈) လက်မထုရှိသော ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများနှင့် ယုန်သလင်း (အ-ထ-က) ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)