ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ မေတ္တာကြိုးလေးနှစ်မျှင် စာအုပ်မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် မတ် ၁၉

ပန်းနုစံအိမ်စာပေတိုက်မှ ထုတ်ဝေသော စာရေးဆရာမမဏိမဉ္ဇူ၏ မေတ္တာကြိုးလေးနှစ်မျှင် စာအုပ်မိတ်ဆက်ပွဲကို မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပသည်။

ဦးစွာစာရေးဆရာမောင်သာ (ရှေးဟောင်းသုတေသန)၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ဗဟန်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ရန်ကင်းကိုကိုလေး၊ ဗဟန်းမြိုနယ် စာရေးဆရာအသင်း၊ အတွင်းရေးမှူး စာရေးဆရာဟိန်းဇေ၊ အမျိုးသားစာပေဆုရနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်သျှံဝိုင်း (ကျိုက်မရော) အမျိုးသားစာပေဆုရ စာရေးဆရာကြီး မောင်ခြိမ့်တို့က အသီးသီးမုဒိသာစကားများ ပြောကြားကြသည်။

ဆက်လက်၍ ပန်းနုစံအိမ်စာပေတည်ထောင်သူနှင့် ထုတ်ဝေသူစာရေးဆရာမ မြသက်နွယ် ကျေးဇူးစကားပြန်လည်ပြောကြားပြီး မေတ္တာကြိုးလေးနှစ်မျှင် စာအုပ်ရေးသားသူ စာရေးဆရာမ၊ မဏိမဉ္စူကစာအုပ်ဖြစ်ပေါ်လာပုံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါစာအာပ်မိတ်ဆက်ပွဲသို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အမျိုးသားစာပေဆုရစာရေးဆရာများ၊ ဗဟန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ စာအုပ်ထုတ်ဝေသူနှင့် ဖိတ်ကြားထားသည့်စာရေးဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)