ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူနှင့်ဒဿန" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူး မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ ပါရဂူရေးသားသည့် "လူနှင့်ဒဿန" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူနှင့် ဒဿန" စာအုပ်မှ ဒဿနပညာရှင်များနှင့် သူတို့၏ အတွေးအခေါ်များဆိုင်ရာ ခေါင်းစဉ်များအား (Book Club) အဖွဲ့ဝင်များ၊ ရုံးစာကြည့်တိုက်တွင် အမာခံစာငှားပရိတ်သတ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ အသီးသီး​ဖတ်ကြားပြီး အကျိုးရှိဖွယ်ရေးသားနည်း၊ ရေးသားမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းအပြီးတွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)