စမ်းချောင်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်း မြို့နယ်၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း ( တောင် )ရပ်ကွက်၊ ကျွန်းတော (မြောက်) ရပ်ကွက်၌ ယမန်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းကို အဖွဲ့(၃)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ စုစုပေါင်း (၅၄)၊ အိမ်ထောင်စု (၃၃၅)စု၊ ကျား(၅၁၆)၊ မ (၆၁၄)။
အဆိုပါ အဆောက်အအုံ စာရင်းတင်ခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များက ကြီးကြပ်၍ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)