ချမ်းမြသာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Mar 20,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၁၀လမ်း၊ ၄၄လမ်း×၄၅လမ်းကြားတွင် ယမန်နေ့နံနက် ၆:၃၀ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်စျေးထက် အထူးသက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။