မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် စာဖတ်သူတို့စိတ်ကြိုက် “ဘာသာပြန်ရည်ညွှန်းအကြောင်းသိကောင်းစရာဆောင်းပါး” ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Book Club အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ဇင်ဝင်းက “ဘာသာပြန် ရည်ညွှန်းအကြောင်းသိကောင်းစရာ ဆောင်းပါး” အား ဖတ်ကြားပြီး အဖွဲ့ဝင် ဦးကြည်တင့်နိုင်က ဘာသာပြန်စာပေသည် အနှစ်သာရှိသော စာပေဖြစ်ကြောင်း၊ ၎င်း‌‌ဆောင်းပါးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် စာပေချစ်သူများက မိမိတို့အမြင်နှင့် သဘောတရားများကို အချင်းချင်းချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)